Saturday, May 21, 2016

သင်​သိလား သိပ်​ချစ်​တတ်​တဲ့လူတစ်​​ယောက်

သင်သိလား..? သိပ်ချစ်တတ်တဲ့ လူတစ်ယောက်က 

၁။ မက်ဆေ့ပို့ရင် ချက်ချင်း Replay လုပ်မှ ကျေနပ်တာ..။

၂။ ဖုန်းခေါ်ရင် ချက်ချင်းကိုင်မှ ကျေနပ်တာ..။

၃။ သင် တစ်ခုခုလုပ်ရင် ကြိုပြီး အသိပေးမှ ကျေနပ်တာ..။

၎။ အခြားတစ်ယောက်ယောက်နဲ့ ရှိနေတဲ့အခါ
ဘာကြောင့်ဆိုတာ ချက်ချင်းဖြေရှင်းပြမှ ကျေနပ်တာ..။

၅။ တစ်နေ့လုံး သူ့ကို အဆက်သွယ် မလုပ်မိဘူးဆို .. သေချာတယ် သူ သင့်ကြောင့် ရူးနေလောက်ပြီ..။
မအားလို့ မဆက်သွယ်တာပဲ သူ ဘာမှ မဖြစ်လောက်ပါဘူး မထင်နဲ့ ချက်ချင်းသာ သူ့ဆီ ဆက်သွယ်လိုက်ပါတော့ သင့်ဆီက ဖုန်း မက်ဆေ့ ဝင်လာဖို့ သူ အရမ်းမျှော်လင့်နေမှာ သေချာတယ်..။

၆။ သင့်မှာ အရမ်းချစ်ပြီး အရမ်း သဝန်ကြောင်တတ်တဲ့ ချစ်သူလေး ရှိနေပြီလား..?
ဒါဆို.. ဒီအချက်လေးတွေ ဂရုစိုက်ပေးပါ ဒီအချက်လေးတွေတိုင်း လုပ်မယ်ဆို သင့်ချစ်သူနဲ့ အမြဲတမ်း အဆင်ပြေနေမှာပါ..။


Credit : မြူ
သင့်ချစ်သူကောင်လေး & ကောင်မလေးကိုတကယ် ချစ်တယ်ဆိုရင် ဆောင်ရန်ရှောင်ရန်လေးတွေပါ

ကောင်လေးပဲဖြစ်ဖြစ် ကောင်မလေးပဲဖြစ်ဖြစ် ကိုယ့်ချစ်သူရဲ့ သူငယ်ချင်းတွေနဲ့တွေ့တဲ့အချိန်မျိုးမှာ သူ့ကိုအနိုင်ပေးလိုက်ပါ သူ့သူငယ်ချင်းတွေရှေ့မှာ ဘယ်တော့မှ အနိုင်မယူမိပါစေနဲ့ နောက်ကွယ်၂ ယောက်တည်း ချိန်းတွေ့တဲ့အချိန်မျိုးမှာ ကြိုက်သလို သတ်ပုတ်နိုင်ပါတယ် အဲ့အချိန်လေးတော့ ချန်ထားပေးပါ သူ့ရဲ့သူငယ်ချင်းတွေကြားမှာ သင့်ကြောင့်သူ မျက်နှာမငယ်ရပါစေနဲ့

ကောင်မလေးတွေကိုပြောထားမယ်
ကောင်လေးတော်တော်များများက အချော့ကြိုက်ကွ
ချော့ပြီးခိုင်း ချော့ပြီးပြောရင် ဘာမဆိုလုပ်ပေးတတ်ကြတယ် အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံးပေါ့ သူ့ကိုသွားပြီးလေသံမာမာနဲ့ပြောကြည့်လိုက် မလုပ်ပေးဘူးမဟုတ်ဘူး ဒါပေမယ့် ကြည်ကြည်ဖြူဖြူနဲ့ဆိုတော့ ပိုမကောင်းဘူးလား

ကောင်လေးတွေကလည်း သိထားရမှာ
ကောင်မလေးအားလုံးက စိတ်ကောက်လွယ်တယ် စိတ်ကောက်ပြီဆိုရင် ချက်ချင်းစချော့သင့်ပါတယ် သူအကြာကြီးမကောက်နိုင်ပါဘူးဆိုပြီး ပစ်မထားစေချင်ဘူး သူလည်းအချော့ခံချင်တာပေါ့ ချော့တဲ့နေရာမှာလည်း စကားလုံးလှလှလေးတွေနဲ့ ချော့သင့်ပါတယ် တော်ကီသုံးခိုင်းတာမဟုတ်ပါဘူး
စကားလုံးနုနုရွရွလေးတွေပေါ့ နင်ကလည်းဘာမဟုတ်တဲ့ကိစ္စလေးကို ကောက်မနေစမ်းပါနဲ့ဟာ ဘာမှဟုတ်တာလည်း မဟုတ်ပဲနဲ့ ဆိုတဲ့အသုံးမျိုးလေးတွေရှောင်သင့်ပါတယ် တစ်ခါ နှစ်ခါ လေးငါးဆယ်ခါ ခွင့်လွှတ်ပေးနိုင်ပေမယ့် ကြာလာရင် စိတ်ထင့်သွားမှာစိုးလို့ပါ

ကောင်မလေးတွေကိုပြောချင်တာလေးရှိတယ်
တချို့တချို့သောမိန်းကလေးတွေပါ ကိုယ့်ကောင်လေးမှာ ရှိမှန်းမသိ မရှိမှန်းမသိ အလိုက်မသိတဲ့သူလေးတွေပေါ့
မရှိတာထက် မသိတာခက်  ဆိုသလို ဟိုဟာပူဆာ ဒီဟာပူဆာမလုပ်သင့်ပါဘူး ကိုယ့်ကောင်လေးရဲ့အခြေအနေလေးကိုကြည့် ငွေလေးရွှင်နေရင်အကြောင်းမဟုတ်ပါဘူး မရှိတဲ့အချိန် သွားပူဆာမိလို့ မရရင်ဒေါသထွက်ရတာပဲ မဟုတ်လား ကောင်လေးတွေဘက်ကိုလည်း ခဏလောက်ဝင်ကြည့်စေချင်တယ် ကောင်လေးတွေကလည်း သူ့ချစ်သူပူဆာသမျှ ဝယ်ပေးချင်တာပေါ့ ဝယ်မပေးနိုင်တဲ့အခါမျိုးမှာ ငါဝယ်ပေးချင်လိုက်တာ သူအရမ်းလိုချင်နေရှာမှာပဲ ဆိုတဲ့စိတ်နဲ့ စိတ်မကောင်းဖြစ်ပြီး သူ့ချစ်သူလိုချင်တာလေး ဝယ်ပေးဖို့ ပိုက်ဆံလေးဆု ညတိုင်းစဉ်းစားပြီး အတွေးပေါင်းများစွာနဲ့ ညအိပ်ရာဝင်နောက်ကျပြီး အထီးကျန်ဆန်တဲ့ ညတွေကို တစ်ယောက်တည်းကျော်ဖြတ်နေတာ သိစေချင်တယ်
ကိုယ့်ကောင်လေးတတ်နိုင်တာကိုပဲပူဆာစေချင်တယ်

ကောင်လေးတွေက သူ့ကောင်မလေးတွေကို အိမ်ပြန်လိုက်ပို့ပေးတတ်ကြပါတယ် လိုင်းကားစီးတဲ့အခါမျိုး ထိုင်ခုံနေရာရလို့ ကောင်မလေးကို အရင်ပေးထိုင်လိုက်တယ် ခဏအကြာ ဟိုးနောက်ဆုံးခုံလွတ်လို့ သွားပြေးထိုင်တာမျိုးက မသင့်တော်ပါဘူး ကိုယ့်ကောင်မလေးဘေးမှာ ရပ်ပြီးနေပေးသင့်ပါတယ် အတူတူပြန်ချင်လို့ အိမ်လိုက်ပို့ပေးတာပဲမဟုတ်လား တစ်ယောက်တည်းစီးရမှတော့ သူ့ဟာသူလည်း ပြန်တတ်တာပေါ့ အော် ပြောရအုံးမယ် ကောင်မလေးတွေ အိမ်ပြန်လိုက်ပို့ပေးတဲ့ကောင်လေးတွေရှိရင် လက်မလွှတ်လိုက်နဲ့ ဘာလို့လဲဆိုတော့ ကိုယ်တွေအိမ်မှာ ရေချိုးပြီး TV ကြည့် မုန့်စား Coffee လေးသောက် ခေါက်ဆွဲလေးစား ဒါမှမဟုတ် အိပ်ယာထဲကွေးနေချိန်မှာ ခင်ဗျားတို့ကောင်လေးတွေ လိုင်းကားတိုးရင်း ချွေးပြန်နေချိန် သူ့အိမ်ကိုအချိန်မှီပြန်ရောက်ဖို့ ကားတိုးနေရတယ် တစ်ဆင့် နှစ်ဆင့် ပြောင်းစီးနေရတယ် အဲ့အချိန် ခင်ဗျားတို့ အိမ်မှာဇိမ်ကျနေတာ သူ့ကိုမသနားဘူးလား ချစ်လွန်းလို့နေ့တိုင်း အပင်ပန်းခံ အိမ်ပြန်နောက်ကျခံပြီးလိုက်ပို့နေတာ ကောင်လေးတွေလိုက်ပို့လို့ ကိုယ်တွေအိမ်ပြန်ရောက်နေချိန် အော်သူကားတိုးစီးနေရပါလားဆိုတဲ့ အတွေးလေး တစ်ရက်လောက်တွေးကြည့်လိုက်ပါ 

         အိပ်ချင်ပြီဗျာ Computer လည်းပူနေပြီ မနက်စောကြီးထရမှာ အိပ်ပြီ မနက်ဆက်ရေးမယ် bye gn sd 
                                                 Sai Myint Moe                                                   

ချစ်​သူတိုင်းဖြစ်​ချင်​တဲ့ ဆန္ဒ​လေး​တွေ

ကိုကိုနဲ့အတူနေချင်တာပေါ့ ဘယ်ခွဲချင်ပါ့မလဲ
ကိုကိုနဲ့အတူ လက်တွဲပြီးညဘက်လမ်းတွေ လျှောက်ချင်တာပေါ့ ညနေခင်းကန်ဘောင်မှာ လေလေးတဖြူးဖြူးနဲ့ လက်ချင်းချိတ်ပြီး လမ်းလျှောက်နေတဲ့အတွဲတွေကိုကြည့်ပြီး သဲလေးလည်းအားကျတာပေါ့
ကိုကိုနဲ့အတူ Coffee မျက်နှာချင်းဆိုင်သောက်ကာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရင်ခုန်ချင်တာပေါ့ 
ကိုကိုနဲ့အတူ ညဘက်မြို့ထဲက မုန့်ဆိုင်လေးတွေ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် လျှောက်စားချင်တာပေါ့
ကိုကိုနဲ့အတူ နယ်ဘက်တွေခရီးထွက်ချင်တာပေါ့
ရှမ်းပြည်ဘက်တွေအတူသွားချင်တယ် ပုဂံဘက်ကိုလည်းဘုရားဖူးထွက်ချင်တယ် ငွေဆောင်ကိုလည်းအပန်းသွားဖြေချင်တာပေါ့ ကိုယ်ချစ်တဲ့သူနဲ့အတူလျှောလည်တာလောက် ကြည်နူးစရာကောင်းတာရှိပါအုံးမလား ပြီးတော့မန်းလေးကိုလည်းသွားလည်ချင်တယ် ညဘက်လည်စရာတွေလည်းပေါ နေ့ခင်းလျှောက်သွားစရာတွေလည်းစုံတဲ့မြို့လေးကို မသွားချင်ပဲနေပါ့မလား အဲ့လိုလေးသာနေရရင်သဲလေ အရမ်းပျော်မိမှာပဲသိလား 
ကိုကိုရေ ကိုကိုလေဒီလိုလေးတစ်ခေါက်လောက် စိတ်ကူးရင်ကြည့်ခဲ့ဖူးလား သဲပြောခဲ့သလိုလေး ကိုကိုတော့မသိပါဘူး သဲမှာတော့နေ့တိုင်း အဲ့စိတ်ကူးလေးနဲ့ရူးခဲ့ဖူးတယ် မနက်ဘက်ဆို ကိုကိုအလုပ်မသွားခင် သဲလေးထမယ် ကိုကိုစားချင်တဲ့ မနက်စာလေးတွေဝယ်ထားပေးမယ် ကိုကိုကြိုက်တဲ့ပေါင်မုန့်ကြက်ဥကြော်ထားပေးမယ် ကိုကိုရုံးမသွားခင်စားဖို့ပေါ့ သဲလေးမနက်ဘက် လုပ်စရာတွေအကုန်ပြီးမှ ကိုကို့ကိုနှိုးမယ် ကိုကိုရေချိုးနေတဲ့အချိန် အပြင်ကနေ သဘက်လေးကိုင်ပြီးစောင့်နေမယ် ကိုကိုရုံးသွားရင်ဝတ်ဖို့ အဝတ်လေးတွေကြိုထုတ်ထားပေးမယ် အင်္ကျီကိုလည်း သဲလေးကိုယ်တိုင်ဝတ်ပေးမယ် ပြီးရင် မနက်စာအတူတူစားကြမယ်လေနော်။ ကိုကိုရုံးမသွားခင် သဲလေးကိုပုစဉ်းရေနား ( မထိတထိ ) အနမ်းလေးပေးပြီးမှ သွားပါ သဲလေးနေ့တိုင်း ကိုကို ရုံးမသွားခင် သဲလေးအမြဲမှာမယ့်စကားက လမ်းမှာတွေ့သမျှဘယ်ကောင်မလေးကိုမှ မငမ်းရဘူး ရုံးမှာလည်းကောင်မလေးတွေနဲ့ အရမ်းမရောပါနဲ့ဆိုပြီးတော့လေ ဟီးး သဲကနေ့ခင်းအိမ်မှာလုပ်စရာရှိတာတွေအကုန်လုပ်ထားမယ် ကိုကိုပြန်လာရင်စားဖို့ ကိုကိုကြိုက်တဲ့ဟင်းလေးတွေ ချက်ထားမယ် ကိုကိုရုံးကပြန်လာခါနီး သဲကကိုကို့အတွက် ပျားရည်လေးဖျော်ထားမယ် ကိုကိုပြန်လာရင် အမောပြေပျားရည်လေးသောက်ပြီးရင် သဲနဖူးလေးကို နေ့တိုင်းနမ်းပေးပါနော် ကိုကိုရေချိုးပြီးရင် ညနေစာတူတူစားမယ် ထမင်းစားပြီးညနေခင်း လမ်းအတူလျှောက်မယ် ဘုရားတွေသွားမယ် ပြန်လာရင် ရုပ်ရှင်တူတူကြည့်မယ် ကိုကိုမအားတဲ့နေ့တွေ ရုံးအလုပ်တွေပါလာတဲ့နေ့တွေဆို ဘေးနားကနေပြီးသဲလေးက ဝိုင်းကူပေးမယ် နားမလည်ပေမယ့် ကိုကိုခိုင်းတာလေးတွေလုပ်ပေးမယ် ကိုကို့အတွက် ကိုကိုမအိပ်ခင်သောက်ဖို့နွားနို့လေးဖျော်တိုက်မယ် ကိုကိုအလုပ်တွေပြီးမှတူတူအိပ်ကြမယ်လေနော် အော် အရေးကြီးတာတစ်ခုကျန်ခဲ့တယ် ညမအိပ်ခင်ကိုကို့ကို ရှိခိုးပြီးမှအိပ်မယ်လေ ကိုကိုကသဲလေးကိုဆုတွေပေးပေါ့ ကိုကိုရုံးပိတ်ရက်တွေဆို မြို့ထဲတွေလျှောက်လည်မယ် စနေနေ့ဆို အိမ်အတွက်လိုအပ်တာလေးတွေ ဈေးဝယ်ထွက်မယ်  လိုချင်တာလေးတွေ ကိုကို့ကိုပူဆာမယ် 😃 ညဘက် ရုပ်ရှင်ကြည့်ချင်တယ်ကိုကိုနဲ့အတူတူ နောက်ဆုံပွဲချိန်ကို  sun day ကျရင်မုန့်တွေလုပ်စားကြမယ် သူငယ်ချင်းတွေပါအကုန်ဖိတ်ပြီး တစ်ပတ်တစ်ခါဆုံရတာပေါ့ သူငယ်ချင်းတွေနဲ့လည်း တစ်နှစ်ကိုအနည်းဆုံး ၂ ခေါက်လောက်အပန်းဖြေခရီးဖြစ်ဖြစ် ဘုရားဖူးဖြစ်ဖြစ်သွားမယ် 
သဲလေးလေ အဲ့လိုစိတ်ကူးလေးတွေနဲ့ရူးနေပြီကိုကိုရယ် ကိုကိုကအခုအဝေးရောက်နေတော့တခြားအတွဲလေးတွေမြင်ရင် ကိုကို့ကိုအရမ်းလွမ်းတာပဲ ဘယ်နေရာပဲသွားသွား ငါနဲ့ကိုကိုနဲ့အဲ့လိုလေးနေရရင်သိပ်ကောင်းမှာပဲလို့ စိတ်ထဲကအမြဲတွေးနေခဲ့တာ ကိုကိုနဲ့အတူလျှောက်လည်ခဲ့တဲ့ နေရာတွေရောက်ရင် ကိုကို့ကိုလွမ်းလွန်းလို့ တစ်ခါတလေ မျက်ရည်တောင်ကျတယ် အာ့တွေသိရဲ့လား လူဆိုးကြီး ဘာမှလည်းမသိဘူး ဒါပေမယ့်သဲလေးနားလည်ပါတယ်ကိုကိုရယ် အခုချိန်ခဏဝေးနေရတာ တစ်ချိန်မှာ သဲလေးတို့အနာဂတ်လှအောင် ဖန်တီးဖို့ ကိုကိုအနစ်နာခံပြီး ရေခြားမြေခြားမှပညာတွေသွားသင်နေတာကိုလေ တခါတလေတော့လည်း ကိုကိုသာပြန်လာရင်ရပြီ ကိုကိုနဲ့အတူတူရှိရင်ရပြီဆိုတဲ့စိတ်လေးနဲ့ ကိုကို့ကိုအမြန်ပြန်လာဖို့ ဂျီကျခဲ့တာတွေ ကလေးဆန်မှန်းသိပါတယ်။ ကိုကိုရယ်အမြန်ပြန်လာပါတော့နော် ကိုကိုသဲဘေးမှာမရှိရင် တစ်လောကလုံးမှာ သဲလေးတစ်ယောက်တည်းရှိသလိုခံစားရတယ် လွမ်းလို့ပါနော် ကိုကိုပြန်လာရင် သဲလေးတို့စိတ်ကူးအိပ်မက်လေးတွေကို အတူတူအကောင်ထည်ဖော်ကြမယ်လေနော် တစ်ရက်တစ်ခါတော့ဖုန်းဆက်ဖြစ်အောင်ဆက်ပါကိုကိုရယ် လွမ်းလွန်းလို့ပါ ´´

#အဲ့လိုလေးစိတ်ကူးခဲ့ဖူးတဲ့သူတွေရှိသလားဗျို့

#ဒီစာဖတ်ရင်းတစ်စုံတစ်ယောက်ကိုသွားသတိရတယ်ဆိုရင်mentionခေါ်လိုက်ပါ 😉😉😉
လွန်ခဲ့သောတစ်နှစ်ခန့်က အဝေးရောက်ချိန် ရေးထားတာလေးပါ  ကောင်မလေးပြောသောစကားများကိုမှတ်သားပြီးေ
ရးထားတာဖြစ်ပါတယ် Computer မွှေရင်းဒီဖိုင်လေးထွက်လာလို့တင်ပေးလိုက်တာပါ ✌✌✌
                                         Sai Myint Moe

လက်​စွပ်​ ၀တ်​ထားတဲ့ အဓိပ္ပါယ်​​လေး​တွေပါ

လက်​စွပ်​​လေးတွေရဲ့လက်စွပ်ဝတ်ထားတဲ့ အဓိပ္ပာယ်လေးတွေပါ

❤️ ဘယ်ဘက်လက်အတွက် 

လက်သန်းဆိုရင် 
သင်ဟာအိမ်ထောင်မပြု တော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပါ 

လက်သန်းကြွယ်ဆိုရင် 
သင်ဟာ လက်ထပ်ပြီးပြီဆိုတဲ့ အဓိပ္ပါယ်ပါ 

လက်ခလယ်မှာဆိုရင်တော့
သင့်မှာစေ့စပ်ထားတဲ့ လူရှိတယ်လို့ ဆိုလိုတာပါ

လက်ညိုးမှာဆိုရင်တော့ 
သင်ဟာအိမ်ထောင်မပြုရသေးတဲ့ လူဖြစ်ကြောင်းဖော်ပြပါတယ်

❤ ညာဘက်လက်အတွက်ကတော့ 

လက်သန်း
ချစ်သူထားချင်စိတ်မရှိတော့ကြောင်း

လက်သူကြွယ်
တစ်စုံတစ်ယောက်နဲ့ ချစ်ကြိုက်နေကြောင်း

လက်ခလယ်
ပိုင်ရှင်ရှိကြောင်း ဖော်ပြပြီးတော့

လက်ညိုးမှာဆိုရင်တော့ 
Single ဖြစ်ကြောင်း ဖော်ပြခြင်းဖြစ်ပါတယ်။

Credit;Rose Me Service Centreလက်​စွပ်

အချစ်​မှာ အ​ကြောင်းပြချက်​ မရှိပါဘူး

အချစ်မှာ အကြောင်းပြချက်မရှိပါဘူး
အကြောင်းပြချက်ရှိတယ်ဆိုရင် အဲ့ဒါအချစ်မဟုတ်တော့ပါဘူး 
အကြိုက်ဖြစ်သွားပါပြီ ချစ်တာနဲ့ကြိုက်တာ
လုံးဝမတူပါဘူး ကြိုက်တယ်ဆိုတာက ဒီပစ္စည်းလေးကလှလို့ ကြိုက်နှစ်သက်တာဖြစ်တယ်
မလှတော့တဲ့တစ်နေ့ ကြိုက်အုံးမှာလား
တချို့ကောင်လေးတွေက ပြောတတ်ကြပါတယ်
မင်းရဲ့မျက်နှာလေးက ချစ်ဖို့ကောင်းလို့
အသံလေးက နားဝင်ချိုလို့ စသည်ဖြင့်ပေါ့
တချို့ယောက်ျားလေးတွေကျတော့လဲ မိန်းကလေးတွေရဲ့
တင်ရင် အလှကိုကြည့်ပြီးရွေးတတ်ကြပါတယ်
ဒါဟာအချစ်မဟုတ်တော့ပါဘူး အကြိုက်ပါ
တစ်နေ့အဲ့အလှတရားတွေမရှိတော့တဲ့ တစ်နေ့
သင့်ကိုသူလုံးဝချစ်မှာမဟုတ်တော့ပါဘူး ကျွန်တော်ဥပမာလေးတစ်ခုပေးပါရစေ

girl -   ကိုသဲကိုဘာလို့ချစ်တာလဲ
boy -   အချစ်မှာအကြောင်းပြချက်မရှိပါဘူးကွာ
girl -   မရဘူးသိချင်တယ်ပြောပြကွာ 
boy -   အေးပါပြောပြဆိုလည်းပြောပြပါ့မယ်
             ( ကောင်လေးလည်း မတတ်နိုင်တော့တဲ့အဆုံး
               ပြောပြလိုက်ပါတယ် သူ့ကောင်မလေး
               စိတ်ချမ်းသာအောင်လို့ဆိုပြီး)
               သဲလေးရဲ့မျက်နှာလေးတွေက ချစ်ဖို့ကောင်းလို့
               ပြီးတော့သဲလေးရဲ့
               အသားနုနုလေးတွေသဲလေးရဲဆံနွယ်လေးတွေနဲ့
               သဲလေးရဲ့လှပပြီးသွယ်လျတဲ့
               လက်လေးတွေကိုသဘောကျလို့ပါ
                အာ့လေးတွေကြောင့်ချစ်နေရတာပါ
girl -     ဟင်ဟုတ်လား တကယ်ကြီးလား
                သဲလေးကအဲ့လောက်တောင်
               ချစ်ဖို့ကောင်းလို့လားကိုကိုကတော့ပိုပြီ
boy -     တကယ်ပြောတာပေါ့သဲလေးရဲ့
                ကိုကို့သဲလေးအရမ်းချစ်ဖို့ကောင်းတယ်
 girl -    အာ့ကြောင့်ကိုကို့ကို သဲလေးက
               အရမ်းချစ်နေရတာပေါ့
               စောစောကတည်းကပြောပြလိုက်တော့
               သဲလေးကဘာပြောမှာမို့လို့လဲ
               ဟီးးကျေးဇူးပဲနော်ကိုကို
       -
       - 
       -
           ဒီလိုနဲ့တစ်နေ့မှာ ကောင်မလေးက မထင်မှတ်ပဲ ကား accident တစ်ခုဖြစ်ပွားသွားပါတယ် ဒီလိုနဲ့ကောင်မလေးက ဆေးရုံတင်ထားရတာပေါ့
သူ့ကောင်မလေး ဆေးရုံတင်ထားရတယ်လည်းကြားရော ကောင်လေးက ဆေးရုံကို ချက်ချင်းပြေးလိုက်လာပါတယ်
အဲ့မှာ သူ့ကာင်မလေးက ကောင်လေးကို ဝမ်းနည်းတဲ့အကြည့် အားငယ်နေတဲ့လေသံလေးနဲ့

girl -   ကိုကို ကိုကိုသဲကိုမချစ်တော့ဘူးမှတ်လား
boy -   ဘယ်သူပြောလဲ ကိုကိုသဲကိုမချစ်ဘူးလို့
girl -   ကိုကိုပဲပြောတယ်လေ သဲလေးရဲ့ မျက်နှာလေးတွေ
              ဆံနွယ်လေးရဲ့ သွယ်လျတဲ့လက်ကလေးတွေကို
              ချစ်လို့ပါဆို အခုသဲမှာအဲ့အလှတွေဘာတစ်ခုမှ
              မရှိတော့ဘူးလေကိုကိုသဲလေးကို
              မချစ်တော့ဘူးမှတ်လားဟင်
boy -   ကိုကိုအရင်ကတည်းကပြောသားပဲ
              သဲလေးမှလက်မခံတာ
              အချစ်မှအကြောင်းပြချက်မရှိပါဘူးလို့
              သဲလေးဘယ်လိုပုံစံပဲဖြစ်နေဖြစ်နေ
              ဘာပဲဖြစ်နေဖြစ်နေ ကိုကိုချစ်ပါတယ်
              အချစ်မှာအကြောင်းပြချက်မရှိပါဘူးကွယ်
girl -   ဟုတ်ကဲ့ကိုကို တကယ်လား အာ့ဆိုသဲလေး
             ကိုကို့ကိုအရမ်းချစ်သွားပြီ
             အရင်ကထက်အများကြီး
             ကိုကို့ကိုပိုချစ်ပေးမယ်နော်
             အခုသဲလေးနားလည်သွားပါပြီကိုကိုရယ်

ကဲကိုကိုမမတို့လည်း ပြန်မေးကြည့်ကြပါ ဘာကြောင့်ချစ်တာလဲလို့ 

                                                              Sai Myint Moe